Topik စာမေးပွဲလမ်းညွှန်
Topik ဆိုတာဘာလဲ? Topik ဆိုတာ(Test of Proficiency in Korean) ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးမဟုတ်သောသူများအတွက် ကိုရီးယားစကားကို ဘယ်လောက်ရေးနိုင်၊ပြောနိုင် နားလည်သဘောပေါက်နိုင်သလဲဆိုတာကို ရေးဖြေရတဲ့ စာမေးပွဲတခုဖြစ်ပါတယ်။ စာမေးပွဲက အဆင့် ၃ဆင့်ခွဲထားပါတယ်။ အခြေခံ၊ အလယ်အလတ်၊ ကျွမ်းကျင်ဆိုပြီးရှိပါတယ်။ စာမေးပွဲ ကျင်းပရခြင်းအကြောင်းအရင်း ကိုရီးယားစကားသင်ယူနေသောနိုင်ငံခြားမှာရှိတဲ့ ကိုရီးယားလူမျိုးများနှင့် ကိုရီးယားလူမျိုးမဟုတ်သောသူများအတွက် ပညာဖြန့်ဝေပေးရန်ကိုရီးယားဘာသာစကား အရည်အချင်းတိုင်းတာရန်နှင့် ကိုရီးယားမှာရှိသော ကျောင်းများတက်ခွင့်ရရန်၊…