Topik စာမေးပွဲလမ်းညွှန်

Topik ဆိုတာဘာလဲ?

Topik ဆိုတာ(Test of Proficiency in Korean) ဖြစ်ပါတယ်။ ကိုရီးယားလူမျိုးမဟုတ်သောသူများအတွက် ကိုရီးယားစကားကို ဘယ်လောက်ရေးနိုင်၊ပြောနိုင် နားလည်သဘောပေါက်နိုင်သလဲဆိုတာကို ရေးဖြေရတဲ့ စာမေးပွဲတခုဖြစ်ပါတယ်။ စာမေးပွဲက အဆင့် ၃ဆင့်ခွဲထားပါတယ်။ အခြေခံ၊ အလယ်အလတ်၊ ကျွမ်းကျင်ဆိုပြီးရှိပါတယ်။

စာမေးပွဲ ကျင်းပရခြင်းအကြောင်းအရင်း

  • ကိုရီးယားစကားသင်ယူနေသောနိုင်ငံခြားမှာရှိတဲ့ ကိုရီးယားလူမျိုးများနှင့် ကိုရီးယားလူမျိုးမဟုတ်သောသူများအတွက် ပညာဖြန့်ဝေပေးရန်
  • ကိုရီးယားဘာသာစကား အရည်အချင်းတိုင်းတာရန်နှင့် ကိုရီးယားမှာရှိသော ကျောင်းများတက်ခွင့်ရရန်၊ အလုပ်ရှာရာတွင် အထောက်အကူဖြစ်စေရန်။

Topik စာမေးပွဲကို ဘယ်ကဦးဆောင်ကျင်းပပါသလဲ?

ကိုရီးယားအစိုးရရဲ့ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌါန ၊National Institute For International Education (NIIED) မှ  ပြည်တွင်း ပြည်ပမှာရှိတဲ့ စာမေးပွဲများကို ဦးဆောင်ကျင်းပနေတာဖြစ်ပါတယ်။

စာမေးပွဲဖြေဖို့ ဘယ်လိုဖောင်တင်ရမလဲ?

ကိုရီးယားမှာဆိုရင်တော့ www.topik.go.kr ကိုဝင်ပြီးအွန်လိုင်းမှတဆင့်ငွေပေးပြီးလျောက်လို့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်မှာ ဓါတ်ပုံ ၂ပုံ၊ စာမေးပွဲကြေး ၁၅၀၀၀ နဲ့အတူ လျှောက်လို့ရပါတယ်။

စာမေးပွဲ ဘယ်အချိန်မှာ ကျင်းပပါသလဲ?

ကိုရီးယားစာမေးပွဲကို တနှစ်မှာ ၆ကြိမ်ကျင်းပပါတယ်။နှစ်ကြိမ်(မတ်၊ဂျွန်)ကို ကိုရီးယားမှာ ကျင်းပပြီး လေးကြိမ် (မတ်၊ဧပရယ်၊အောက်တိုဘာ၊နိုဝင်ဘာ)ကိုတော့ ပြည်ပမှာ ကျင်းပပါတယ်။ များသောအားဖြင့် Topik I ကို မနက်ပိုင်းမှာကျင်းပပြီး ွှTopik II ကို ညနေပိုင်းမှာကျင်းပပါတယ်။ဒါ့ကြောင့်  တခါတည်း နှစ်ခုလုံးဖြေလို့လည်းရပါတယ်။ Sunday မှာဘဲကျင်းပလေ့ရှိပါတယ်။

Topik စာမေးပွဲပုံစံ

Topik စာမေးပွဲက Level နှစ်ခုရှိပါတယ်။ Topik I, Topik II.

Topik Iမှာ 1,2 ဆိုပြီးနှစ်ခုခွဲထားပြီးတော့ ,Topik II မှာ အလယ်အလတ်အဆင့်၊ ကျွမ်းကျင်အဆင့် 3,4,5,6 ဆိုပြီးခွဲထားပါတယ်။

Levels 1 and 2 – Beginner Level

Levels 3 and 4 – Intermediate Level

Levels 5 and 6 – Advanced Level

Topik I(level 1,2) မှာ Reading,Listening ဖြေရမှာဖြစ်ပြီး၊ Topik II ( level 3,4,5,6) မှာတော့ Reading,Listening,Writing ကိုဖြေရမှာဖြစ်ပါတယ်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *