Topik စာမေးပွဲ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရန် လုပ်ဆောင်သင့်သည့်အချက် ၁၂ ချက်

၁။ မေးခွန်းတိုင်းကို ကွက်လပ်မထားခဲ့ဘဲ ဖြေဆိုပါ။Topik စာမေးပွဲက အဖြေ  ၄ခုထဲကတခုရွေးဖြေရတဲ့စနစ်ဖြစ်တဲ့အတွက် ကိုယ်မသိဘူးဆိုရင်တောင် တခုခုကိုမှန်းပြီးခြစ်ခဲ့မယ်ဆိုရင် မဖြေတာထက်စာရင် အမှတ်ရနိုင်ခြေ ရှိပါတယ်။

၂။ မေးခွန်းကအရမ်းခက်တယ် ကိုယ်မသိဘူးဆိုရင် အဲ့တခုထဲဘဲ အကြာကြီးဖြေမနေပါနဲ့။နောက်တခုကိုဆက်ဖြေပါ။ အားလုံးဖြေပြီး အချိန်ပိုတော့မှ ထားခဲ့တဲ့ မေးခွန်းကို ပြန်ဖြေပါ။နောက်ဆုံး ပြန်ဖြေဖို့ ပြန်ဖတ်ဖို့ မအားဘူးဆိုရင်တော့ တခုခုကိုခြစ်ခဲ့လိုက်ပါ။မဖြေနိုင်ဘူးဆိုပေမယ့် အမှတ်တွေအများကြီးရနိုင်ပါသေးတယ်။

၃။ တခုဖြေပြီးတိုင်းမှာ မေးခွန်းနံပါတ်နဲ့ အဖြေနံပါတ်ကို ပြန်တိုက်ပါ။အစက်တခု နေရာမှားခြစ်လိုက်တာနဲ့ ကျန်တာတွေအကုန်လုံးလိုက်မှားတော့မှာပါ။

၄။ ပေးထားတဲ့အချိန်ထဲမှာ အရှေ့က စဖြေဖြေ၊အနောက်ကစဖြေဖြေ ကိုယ်ကြိုက်တဲ့ဆီကစဖြေလို့ရပါတယ်။ကိုယ်ပိုင်နိုင်မယ်လို့ထင်တဲ့နေရာကစဖြေတာ အကောင်းဆုံးပါ။

၅။Topik မေးခွန်းက လှည့်ကွက်တွေ အများကြီးပါပါတယ်။တချို့အဖြေက လွယ်ပြီးတခုကိုရွေးပြီးဖြေလိုက်ရုံပါဘဲ။ဒါပေမယ့် အချို့အဖြေတွေက ဖြစ်နိုင်ခြေနှစ်ခုလောက်ကို မျက်စိမှားအောင်ထည့်ပေးထားတတ်ပါတယ်။အဖြေတွေကို သေချာတခုချင်းဖတ်ပြီး မေးခွန်းထဲမှာပါတဲ့၊ မေးခွန်းနဲ့ သက်ဆိုင်တာကိုဘဲဖြေရမှာဖြစ်ပါတယ်။

၆။မေးခွန်းကို သေချာဖတ်ပါ။ အမျိုးသမီးရဲ့ အဓိကပြောချင်တဲ့အချက်၊အမျိုးသားရဲ့ အဓိကပြောချင်တဲ့အချက်၊ဒီမေးခွန်းပြီးနောက် အမျိုးသမီးက ဘာဆက်လုပ်မလဲ၊ အမျိုးသားက ဘာဆက်လုပ်မလဲ စတာတွေကို ဂရုတစိုက်ဖတ်ပေးဖို့လိုပါတယ်။

၇။ စာမေးပွဲဖြေနေချိန်အတွင်းမှာ တခြားအကြောင်းအရာတွေကို စဉ်းစားမနေပါနဲ့။ မေးခွန်းကိုသေချာလေးနားထောင်ပါ။အချို့မေးခွန်းတွေက တကြိမ်ဘဲဖွင့်ပေးပါတယ်။ အချို့မေးခွန်းတွေကတော့ နှစ်ကြိမ်ဖွင့်ပြပါတယ်။ ကိုယ်ကအဖြေကိုရသွားပြီဆိုရင် နောက်မေးခွန်းတွေကို ကြိုဖတ်ထားလို့ရပါတယ်။ ကိုယ်ကတခေါက်ဖွင့်တဲ့အချိန်မှာ အဖြေကို မသေချာသေးဘူးဆိုရင် နောက်တခေါက်ဖွင့်ပြတဲ့အချိန်မှာ သေချာနားထောင်ပြီး အဖြေကို စစ်ဆေးကြည့်သင့်ပါတယ်။

၈။ မေးခွန်းကို နားထောင်ပြီး၊ ဖတ်ပြီး မှားတဲ့အဖြေတွေကို ကြက်ခြေခတ်ပြီး မှန်တဲ့အဖြေကိုရှာတဲ့ အလေ့အကျင့်ကို လုပ်ပါ။မဟုတ်ရင် အစအဆုံးပြန်ဖတ်နေရရင် အချိန်တွေကုန်ပါတယ်။ Reading မှာလည်း ဒီလိုဘဲ သူပြောချင်တဲ့အဓိကအချက်တွေကို လိုင်းတားထားပါ။ဝိုင်းပါ။ခြစ်ပါ။ မေးခွန်းစာရွက်ကို ရေးခြစ်ရမှာ မနှမြောပါနဲ့။

၉။ Essay ရေးတဲ့အခါမှာ Plain form (다/ㄴ다/는다)နဲ့ရေးတာအကောင်းဆုံးပါ။ ကိုယ့်အတွက်အခက်အခဲရှိမယ်ဆိုရင်တော့(ㅂ나다/ 습니다) နဲ့ရေးလို့ရပါတယ်။ စကားပြောပုံစံဖြစ်တဲ့    (아요/어요) ကိုမသုံးမိဖို့ ဂရုစိုက်ရပါမယ်။

၁၀။ Essay မရေးခင်အကြမ်း noteလေးရေးထားတာပိုကောင်းပါတယ်။၂ မိနစ်လောက်အချိန်ပေးပြီး အကြမ်းရေးလိုက်ခြင်းဟာ အမှတ်ကောင်းကောင်းရဖို့ အထောက်အကူဖြစ်စေပါတယ်။ Essay စာပိုဒ်အရှည်ရေးခြင်းဟာ Topik စာမေးပွဲရဲ့ အခက်ခဲဆုံးအပိုင်းဖြစ်ပြီး အမှတ်ကောင်းကောင်း Levelအမြင့်နဲ့အောင်ဖို့ အတွက် အဆုံးအဖြတ်ပေးတဲ့ မေးခွန်းလဲဖြစ်ပါတယ်။Essay မှာ (နိဒါန်း၊ စာကိုယ်၊နိဂုံး) စတဲ့ စာပိုဒ်  ၃ပိုဒ်ရှိသင့်ပါတယ်။မေးခွန်းနဲ့သက်ဆိုင်တဲ့ မိတ်ဆက်စာကြောင်း နှစ်ကြောင်းလောက်နဲ့စတင်ပြီး အဆုံးသတ်ကိုလည်း ဒါ့ကြောင့်ဒီလိုဖြစ်သင့်ပါသည်ဆိုတဲ့ ခိုင်မာတဲ့ အဆုံးသတ်မျိုးရေးပေးသင့်ပါတယ်။ Essay ကို စာကိုယ်ကြီးနဲ့ တပိုင်းတလက်စမထားခဲ့သင့်ပါဘူး။ အချိန်မရတော့ဘူးဆိုရင်တောင် အဆုံးသတ်လေးတော့ရေးခဲ့သင့်ပါတယ်။

၁၁။ စိတ်ရှည်ရှည်ထားပါ။အာရုံစူးစိုက်ပါ။ Reading မှာမေးခွန်း ၅၀ ဖြေရမှာပါ။တဖြည်းဖြည်းနဲ့ စာတွေကရှည်ပြီး ခက်လာပါတယ်။အချိန်ကလည်းမလောက် စာတွေကလည်းခက်ဆို လူကပြာလာတတ်ပါတယ်။ ပြာလာတာနဲ့ ဘာမှမသိတော့ဘဲရမ်းခြစ်တာမျိုး တွေလုပ်မိတတ်ပါတယ်။ စိတ်အေးအေးထားရပါမယ်။နောက်ဆုံးမိနစ်အထိ ကိုယ်ဖြေလို့ရသလောက် ခေါင်းအေးအေးထားပြီး ဖြေဆိုရပါမယ်။

၁၂။ စာမေးပွဲခန်းထဲကို  ဝင်ခွင့်ကဒ်၊ဘောလ်ပင်က လွဲပြီး ဘာမှယူမသွားပါနဲ့။စာမေးခန်းထဲ မဝင်ခင် စကားလုံးတွေကျက်တာ၊ Grammer ကျက်တာမျိုးတွေ မလုပ်ပါနဲ့။ခေါင်းကို ပိုမိုရှုပ်ထွေးစေပါတယ်။ စာမေးပွဲမတိုင်ခင် ခေါင်းအေးအေးထားတာအကောင်းဆုံးပါ။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *