ကိုရီးယားအနုပညာရှင်များကြား လိင်အရူပ်တော်ပုံဖြစ်ပွားပြီးနောက် သားသမီးများကို လိင်ပညာပေး သင်ကြားရန် မိဘများစိတ်၀င်စားမူမြင့်တက်

မကြာသေးမှီက ကိုရီးယားအနုပညာရှင်များကြား လိင်အရူပ်တော်ပုံဖြစ်ပွားပြီးနောက်တွင် မိဘများသည် သားသမီးများကို လိင်ပညာပေး ကျူရှင်ထားပေးရန် စိတ်၀င်စားမူမြင့်တက်လာခဲ့သည်။

ဒီလိုအွန်လိုင်းမီဒီယာ လျင်လျင်မြန်မြန်ပျံနှံ့နေတဲ့ခေတ်မှာ ငယ်ငယ်ထဲက ကလေးတွေကို လိင်ပညာပေးကို သင်ထားပေးမှ ဖြစ်မည်ဟု ကလေးမိဘတစ်ဦးကဆိုသည်။ထိုအခြေအနေမှာဘဲ “လိင်ပညာပေး သင်ကြားသည်”ဟုကြေငြာတွေ့ရှိလိုက်သောအခါ မိဘများ၏စိတ်ဝင်စားမူမြင့်တက်လာခဲ့သည်။”အရင်ကတော့ အရွယ်ရောက်ပြီးသားသူတွေလောက်ဘဲစုံစမ်းကြတာများတယ်။ အခုတော့ ငါးနှစ်အထက်ကလေးတွေအတွက်ပါစုံစမ်းလာကြတယ်။ “

တစ်ဦးတစ်ယောက်ခြင်းသင်ကြားခြင်းအပြင် သင်တန်းများမှာပါ စုံစမ်းသူနဲ့တက်ရောက်သူ ၃၀ရာခိုင်နူန်းတိုးတက်လာသည်။

“ကျွန်တော်က ကလေးတွေအတွက်လိင်ပညာပေးရေးလေ့လာရင်းနဲ့ ဆရာဖြစ်လာတာပါ။ကလေးတွေကို အသက်အရွယ်နဲ့ အသိဥဏ်အလိုက် သင်ကြားပေးဖို့လိုပါတယ်။ အထူးသဖြင့် ကလေးတွေ အရက်မသောက်တတ်ခင်မှာ သင်ကြားတာ ပိုကောင်းပါတယ်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *