ကိုရီးယား ဒိတ်ဒိတ်ကျဲသူဌေးသမီးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံ

korea rich women

ကိုရီးယားအောင်မြင်သော လုပ်ငန်းစုအဖြစ်ထင်ရှားသော TAEWANG ၏သမီးကြီး ဘက်ဆောင်းယောင်းက သူမရဲ့ ကြီးပြင်းနေထိုင်ပုံနဲ့ ခံစားချက်တွေကိုဖွင့်လှစ်ပြောဆိုခဲ့ပါတယ်။

ကျွန်မငယ်ငယ်က ကျွန်မဖေဖေကဘယ်သူပါလို့လူတွေကသိကြတယ်။ သိတော့ ကျွန်မကိုစိတ်ရင်းအမှန်နဲ့မဟုတ်ဘဲအသုံးချဖို့အတွက် ချဉ်းကပ်ခဲ့ကြတယ်။ကြာတော့ ကျွန်မဒါကို စိတ်ကုန်လာပြီး လူတွေနဲ့ဝေးဝေးနေခဲ့တယ်။အထီးကျန်ခဲ့ရတယ်။

ကျွန်မအမှားတစ်ခုခုလုပ်မိရင် မသိလို့လုပ်မိတာပါဆိုပြီး မြင်ပေးကြတယ်။ချမ်းသာတဲ့မိသားစုတွေဟာ လိုချင်တာရတယ် ပြီးပြည့်စုံတယ်လို့ထင်ပေမယ့် တကယ်တမ်း အမှားကို အမှန်ပြင်အောင် ဝေဖန်ပြောပြရဲတဲ့သူတော့ မရှိခဲ့ဘူး။လူ့အခြေခံကျင့်ဝတ်တွေကို သင်ကြားပြသပေးမယ့်သူ မရှိခဲ့ဘူး။

ငယ်ငယ်က စာလုပ်ရမယ့်အချိန်တွေဆို အိမ်မှာခေါ်သင်တဲ့ဆရာမက ဘေးမှာအသင့် အပြင်သွားမယ်ဆို ကားဆရာကအရောက်ပို့ပေးခဲ့တယ်။ကျွန်မကို ဆရာမက နာခံအောင် မသင်ရဲခဲ့တဲ့အပြင် အသက်အရမ်းကြီးတဲ့ကားဆရာကလည်း ကျွန်မစကားကို နာခံဖို့အသင့်ဖြစ်နေခဲ့တယ်။

ဒီလိုကြီးပြင်းလာတဲ့ လူချမ်းသာ သားသမီးတွေမှာရှိတဲ့ အကြီးဆုံးပြသနာကတော့ တူတူမျှဝေခံစားစိတ်မရှိတာဘဲ။တပါးသူရဲ့ စိတ်ကိုနားမလည်နိုင်တဲ့အပြင် မျှဝေပြီးမခံစားတတ်ကြဘူး။အဲဒါကြောင့် သူတပါးကို မနှစ်သိမ့်တတ်တဲ့အပြင် သူတပါးနှစ်သိမ့်တာကိုလည်းမခံတတ်ကြဘူး။

သူများတွေအားကျရတဲ့ ရွေဇွန်းကိုက်ပြီးမွေးလာတဲ့သူဆိုပေမယ့် ကျွန်မအတွက်တော့ စိတ်ရင်းနဲ့ပေါင်းသင်းရမယ့်သူမရှိဖြစ်ခဲ့တယ်။အရက်တွေ အလွန်အကျွံသောက် Shoppingတွေထွက် လိုတာမလိုတာအကုန်ဝယ်။တခါတလေဝယ်ပြီးဖောက်မကြည့်ဖြစ်တာတွေအများကြီးရှိခဲ့တယ်။ဒီလိုနဲ့ကျွန်မကျောင်းပြီးလို့ဘွဲ့ရတော့ အိမ်ကယောက်ကျားပေးစားဖို့လုပ်တယ်။အတင်းအကျပ်ပေးစားတာလဲမဟုတ်။ စီးပွားရေးဆန်ဆန်အိမ်ထောင်ရေးအပေးအယူလုပ်ခဲ့တာလဲမဟုတ်ဘဲနဲ့ မဂ်လာရက်ရွေးပြီးမှာ ပြည်ပကိုထွက်ပြေးခဲ့တယ်။ကျွန်မတော်တော်ဆိုးခဲ့တယ်။

ကျွန်မဘဝရဲ့ခက်ခဲတဲ့အချိန်တွေရဲ့အစကတော့ အဖေက သူ့အလုပ်မှာအတင်းအကျပ်ဝင်လုပ်ခိုင်းခဲ့တဲ့ ငါးနှစ်တာကာလအချိန်တွေပါဘဲ။ဘာဆိုဘာမှမသိခဲ့ဘူး။ကုမ္ပဏီတစ်ခုကို ဦးဆောင်နိုင်တဲ့အရည်အချင်းလဲမရှိခဲ့ဘူး။ အဲ့မှာ ကျွန်မဆရာနဲ့တွေ့ခဲ့တယ်။ဆရာက ကျွန်မလွဲနေတာတွေ မှားနေတာတွေတည့်မတ်ပေးခဲ့တယ်။

ငယ်ငယ်က အဖေ့ရဲ့ မှားခဲ့တဲ့အရာတွေ မကောင်းတဲ့သတင်းတွေကိုဘဲကြားပြီးအဖေ့ကို လေးစားရကောင်းမှန်းမသိခဲ့ဘူး။ ကိုယ်တိုင်အလုပ်လုပ်တော့မှ အဖေ့ရဲ့အလုပ်အပေါ်ထားတဲ့သဘောထား ဝန်ထမ်းတွေကို ချစ်မြတ်နိုးတဲ့စိတ် ဒါတွေကိုသိလာရတယ်။တဖြေးဖြေး အတုယူခဲ့ရတယ်။

အခုအချိန်မှာတော့ ကျွန်မဟာ ကိုယ့်ကိုယ်ကို ယုံကြည်စွာရပ်တည်နေနိုင်ပါပြီ။ကျွန်မကိုသာ အဖေက ဒီလိုမခိုင်းခဲ့ရင် ကျွန်မလည်းတခြားသူဌေးသားသမီးတွေလို ပျက်စီးနေဦးမှာပါဘဲ။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *