အသက်နဲ့ရင်းပြီးစီးရမယ့် ဒန်းကလေး

တချို့တွေကစားဖို့ သောက်ဖို့ အပန်းဖြေဖို့ ခရီးထွက်ကြပေမယ့် တချို့တွေကျတော့ သည်းထိတ်ရင်ဖို စွန့်စားရတာတွေကြိုက်နှစ်သက်လို့ ခရီးထွက်ကြပါတယ်။

ဒီလိုစွန့်စားရတာတွေနစ်သက်တယ်ဆိုရင် အီကွေေဒေါကို သွားသင့်ပါတယ်။အဲဒီမှာ ခရီးသွားဧည့်သည်တွေ မရောက်မဖြစ်သွားတဲ့နေရာလေးတစ်ခုရှိပါတယ်။ဒါကတော့ အီကွေဒေါ ဒေသရဲ့ Banos မြို့လေးမှာရှိတဲ့ တောင်ထိပ်သစ်လုံးအိမ်လေးမှာဆွဲထားတဲ့ ဒန်းလေးရှိတဲ့နေရာပါ။ တစ်ဒေါ်လာပေးပြီးစီးလို့ရပါတယ်။

ဒန်းကလေးရဲ့နာမည်က “ကမ္ဘာကြီးရဲ့အဆုံး ဒန်းကလေး”ဖြစ်ပါတယ်။ ဘာလို့ဒီနာမည်ကိုခေါ်သလဲဆိုတော့ အမြင့် ၂၆၆၀ မီတာမှာဆောက်ထားတဲ့ ကမ္ဘာ့ အမြင့်ဆုံးဒန်းဖြစ်လို့ပါဘဲ။ဒီဒန်းကို သေမင်းရဲ့ဒန်းလို့လည်းခေါ်ပါတယ်။ဘာလို့လဲဆိုတော့ ဘာအကာအကွယ်မှမပါဘဲ စီးရမှာဖြစ်ပြီး ဒန်းရဲ့တစ်ဖက်မှာ မြင့်မားတဲ့တောင်စောင်းကြီးရှိနေပါတယ်။ဒါပေမယ့်လဲ ဒီဒန်းလေးကို စီးချင်တဲ့သူတွေ အမြဲမပြတ်ရှိနေပါတယ်။ဘာလို့လဲဆိုတော့ သဘာဝရဲ့ အလှတရားကို ခံစားချင်ကြလို့ပါ။ 2014 National Geograph အကောင်းဆုံးဓါတ်ပုံဆုရှင်က ဒီနေရာမှာလာရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီသစ်လုံးအိမ်လေးမှာရှိတဲ့ဒန်းလေးကို နဂိုမူလပိုင်ရှင်က ကလေးတွေဆော့ဖို့အတွက်လုပ်ပေးထားတာပါ။ကလေးတွေက ကြီးလာပြီး တခြားနေရာတွေရောက်သွားတော့ ပိုင်ရှင်က အများပြည်သူသုံးဖို့ခွင့်ပြုပေးလိုက်တာပါ။သစ်လုံးအိမ်ပေါ်ကမြင်ရတဲ့ ရူခင်းကလည်း အံ့မခန်းစရာပါ။

ဒီဒေသမှာ အနီးအနားမှာရှိတဲ့ မီးတောင်တွေကိုလည်းလေ့လာလို့ရပါတယ်။ပြီးတော့ ရေတံခွန်တွေ ရေပူစမ်းတွေလည်း အများအပြားရှိပါတယ်။

ဒါကတော့ ရေပူစမ်းတွေထဲက တစ်ခုပါ။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *