ကိုယ်လုံးပေါ်မော်ဒယ်တစ်ယောက်ရဲ့ ဘဝအတွေ့အကြုံများ

Handsome

ကျွန်တော်ဘဝရဲ့ အလုပ်သစ်တစ်ခုအစရဲ့  နေ့တစ်နေ့ကို ဘယ်တော့မှမေ့တော့မှာ မဟုတ်ဘူး။

အဲ့တုန်းက ကျွန်တော် ကျောင်းပြီးပြီ။အလုပ်ကို မနက် ၉ ညနေ၅အထိလုပ်တယ်။ ပိတ်ရက်တွေမှာတော့ အပိုဝင်ငွေရအောင် ဘားမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်တယ်။

စနေနေ့တရက် ကျွန်တော်ဘားရဲ့အနောက်ဘက်ကအခန်းကိုဖွင့်လိုက်တယ်။ကျွန်တော်တော်တော်ထိတ်လန့်သွားတယ်။ ယောက်ကျားတစ်ယောက်က ဝစ်လစ်စလစ်နဲ့ထိုင်နေတယ်။

အဲ့မှာ ကျွန်တော်သူဌေးက ဟေးးးဟင်နရီဆိုပြီးကျွန်တော်ကို လှမ်းနူတ်ဆက်တယ်။ ကျွန်တော်က ဘာလုပ်နေကြတာလဲလို့မေးတော့, ငါရဲ့ပါတီအတွက် ပုံဆွဲတဲ့အလုပ်သစ်ကို လုပ်နေတာလို့ပြောပြတယ်။ဝစ်လစ်စလစ်နဲ့ ထိုင်နေတဲ့သူရဲ့ပုံကို ကောင်မလေးတွေက ဝိုင်းဆွဲနေကြတယ်။

ကျွန်တော်က သူဘယ်လောက်ရလဲလို့ မေးတော့

သူက မဆိုင်းမတွဘဲ တစ်နာရီခွဲကို ဒေါ်လာ ၁၀၀ လက်ငင်းရှင်းပေးတယ်လို့ပြောပြတယ်။

အော်,ဟုတ်လား ဒီလောက်ပိုက်ဆံနဲ့ဆို ကျွန်တော်လဲလုပ်နိုင်တာပေါ့။

အိုကေ ဒါဆိုလုပ်ကြည့်လေဆိုပြီး ကျွန်တော်လဲ လုပ်ဖြစ်သွားတာ။

ပထမဦးဆုံးအကြိမ်က တော်တော် သွေးပျက်စရာကောင်းတယ်။ကျွန်တော်ကို မိန်းကလေးတွေက ဝိုင်းရီရင်ဘယ်လိုလုပ်မလဲ?လှောင်ပြောင်ကြရင်ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေနဲ့ ကြောက်ရွံ့နေခဲ့တယ်။ဒါနဲ့ကျွန်တော် နှစ်ခွက်သောက်ပြီး ရဲဆေးတင်လိုက်တယ်။

နောက်ကျွန်တော်မိန်းကလေးတွေရှေ့ထွက်ပြီး ဒါကကျွန်တော်ရဲ့ ပထမဆုံးအကြိမ်ပါ။လိုသလိုပြောပါလို့ စကားစခဲ့တယ်။

ကောင်မလေးတွေရဲ့အကြည့်က ကျွန်တော်ကိုလွှမ်းခြုံလိုက်ပြီး ခဏအကြာမှာ သူတို့ရဲ့ပုံစဆွဲကြတယ်။ငါးမိနစ်တောင်မကြာဘူး ကျွန်တော် ဝစ်လစ်စလစ်ကြီးပါလားလို့ မခံစားမိတော့ဘူး။ သူတို့နဲ့အပြန်အလှန်စကားပြောနေတယ်လို့ဘဲခံစားမိတော့တယ်။

မိနစ် ၉၀ အပြီးမှာတော့ ကျွန်တော်လက်ထဲ ဒေါ်လာ ၁၀၀ရောက်လာပြီး တော်တော်စိတ်သက်သာရာရသွားတယ်။

နောက်တော့ကျွန်တော် ဒီအလုပ်ကိုလုပ်ရတာ နှစ်သက်လာတယ်။ကောင်မလေးတွေနဲ့စရင်း နောက်ရင်း ဝင်ငွေလဲပိုရတယ်လို့တွေးမိခဲ့တယ်။

တဖြေးဖြေးနဲ့လုပ်ရတာ အဆင်ပြေလာတယ်။ဒါပေမယ့် တစ်ခါတလေတော့ ကြောက်စိတ်လေးရှိနေတုန်းဘဲ။

ကျွန်တော်ရဲ့ ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့အလုပ်မှာဆုံတဲ့အခိုက်အတန့်ဟာ အဆိုးရွားဆုံးအခိုက်အတန့်ပါဘဲ။

ကျွန်တော်ရတဲ့ မေဂျာနဲ့ ဘာလို့ဒီအလုပ်လုပ်ပါလိမ့်လို့ ကျွန်တော့်တစ်ကိုယ်လုံးကို ခြုံငုံကြည့်ပြီးတွေးနေပါလိမ့်မယ်။

ကျွန်တော်အလုပ်က ခပ်စိတ်စိတ်လေးလုပ်လာရတယ်။ တစ်ရက်ထဲမှာ ၄ခါလောက် ဘိုကင်ရလာတဲ့အထိဘဲ။အဲ့မှာကျွန်တော် ကိုယ်ပိုင်အလုပ်အဖြစ်ပြောင်းဖို့စိတ်ကူးရလာတယ်။ နာမည်ကို Nude Lifeလို့ပေးလိုက်တယ်။ website နဲ့ domain ဝယ်ပြီး ကျွန်တော်လို မော်ဒယ်လုပ်မယ့်သူတွေရှာတယ်။

အခုကျွန်တော့်မှာ ယောက်ကျားလေး မော်ဒယ် အယောက်၇၀ နဲ့ မိန်းကလေးမော်ဒယ် နည်းနည်းရှိနေပြီ။

လိုအပ်တဲ့ ပွဲတွေအကုန်လက်ခံတယ်။မွေးနေ့ ပါတီတွေ Hen  Partiesတွေ…..

ကိုယ်လုံးပေါ်မော်ဒယ်အတွက် ကြိုက်နှစ်သက်ရာ ၃ပုံထိုင်ပေးတယ်။

တစ်ခါတလေ စိတ်ညစ်ရပြီး တစ်ခါတစ်လေ ပျော်စရာကောင်းပါတယ်လို့ပြောပြခဲ့ပါတယ်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *