သတင်းအမျိုးမျိုးထွက်နေတဲ့ ဗိုလ်ကြီးတို့အတွဲ

၆ရက်နေ့ အွန်လိုင်းသတင်းမှာ ဟယောင်းဘင်းနဲ့ ဆုန်ရယ်ဂျင်းတို့ဟာ”Crush Landing On you”တီဗွီဇတ်လမ်းတွဲ ရိုက်ကူးပြီးရင် လက်ထက်မယ်ဆိုတဲ့သတင်းနဲ့ သူတို့နှစ်ဉီးဟာ လမ်းခွဲပြတ်ဆဲပြီးသားဆက်ဆံရေးဖြစ်တယ်ဆိုတဲ့သတင်းရယ် ပေါ်ထွက်နေပါတယ်။

နှစ်ဘက်မီဒီယာတွေကတော့ “ဒါကနှစ်ခါထပ်ပြောဖို့တောင် လိုမယ်မထင်ဘူး။သတင်းအမှားကြီးပါ”လို့ ငြင်းဆန်ခဲ့ကြပါတယ်။

တစ်ချိန်က သူတို့နှစ်ယောက်ကြားမှာ လေးနက်တဲ့ သံယောဇဉ် ရှိကြတယ်လို့ပြောလို့ရပါတယ်။”Negotiation”ဆိုတဲ့ရုပ်ရှင်ရိုက်ကူးအပြီးမှာ နှစ်ယောက်သား ပထမဆုံးအနေနဲ့ LAကို ခရီးထွက်ခဲ့ကြတယ်ဆိုတဲ့ပုံနဲ့ သတင်းထွက်ပေါ်ဖူးပါတယ်။ဒါကို နှစ်ယောက်စလုံးက ခရီးသွားဟန်လွဲတွေ့တာပါလို့ ငြင်းဆိုခဲ့ကြပါတယ်။

ပြီးတော့ နောက်တခေါက် အမေရိကားရဲ့ Mart တစ်ခုမှာ အတူတူလက်တွဲထားတဲ့ ဓါတ်ပုံ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ဒါကို နှစ်ဖက်မီဒီယာက “သူတို့နှစ်ယောက်က ရင်းနှီးတယ်။အမေရိကားမှာနေတယ်ဆိုတဲ့သတင်းကြားပြီး တွေ့ကြ ဆုံကြယုံပါ”လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လ Crush Landing On You မိတ်ဆက်ပြသပွဲမှာ အချစ်ရေးနဲ့ပက်သက်ပြီးမေးခဲ့ကြပါတယ်။ဟယောင်းဘင်းကတော့ ရီနေခဲ့ပြီး ကားတွေ အတူတူတွဲရိုက်လို့ ခင်မင်တဲ့ အတိုင်းအတာပါ။ဒီတခေါက်လဲ ဇတ်လမ်းလေးကို သဘောကျလို့ရိုက်ဖြစ်သွားတာပါ။တခြားဘာမှ မဟုတ်ပါဘူးလို့ပြောခဲ့ရာမှာ ဆုန်ရယ်ဂျင်းကလဲ ဟုတ်တယ် ကျမလဲအတူတူပါဘဲလို့ ဖြေကြားခဲ့ပါတယ်။

နှစ်ယောက်လုံးက ငြင်းနေပေမယ့်လဲ တကယ်သာချစ်နေကြတယ်ဆိုရင် ပရိတ်သတ်ကြီးက ပျော်ရွှင်ရမှာပါ။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *