ဂူဟာရာသေဆုံးမူ နောက်ကွယ်က ဖြစ်ရပ်မှန်

ကိုရီးယား နာမည်ကျော်အဆိုတော် သရုပ်ဆောင် ဂူဟာရာဟာ နိုဝင်ဘာ ၂၄ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ သူ့ရဲ့နားက စားပွဲမှာစာတစ်စောင်လဲရေးထားခဲ့တာကြောင့် ရဲတွေက သူမဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ ယူဆနေကြပါတယ်။ ဒီစာကိုလည်း ဟာရာရေး မရေးဆိုတာကိုလည်း ဆက်လက်စုံစမ်းသွားမယ်လို့ပြောကြားထားပါတယ်။သေဆုံးချိန်မှာ ဟာရာဟာ အသက် ၂၈နှစ်သာရှိပါသေးတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောလှပအောင်မြင်နေချိန်မှာ ဘာလို့များအဆုံးစီရင်ကြတာလဲလို့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ သူမဟာ ရည်းစားဟောင်းနဲ့ လိင်ဆက်ဆံတဲ့ပုံတွေကို ရည်းစားဟောင်းက အွန်လိုင်းမှာဖြန့်မယ်လို့ ခြိမ်းခြောက်ခဲ့တာနဲ့ ပက်သက်ပြီး တရားရင်ဆိုင်နေတာလဲဖြစ်ပါတယ်။ဒါကို မကျေနပ်တဲ့ ဟာရာရည်းစားက လက်စားချေတာတွေလုပ်နေတယ်လို့လဲ သိရပါတယ်။သေဆုံးချိန်မှာ ဟာရာခန္ဓာကိုယ်မှာ ညိုမဲကွက်တွေရှိခဲ့နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလမှာတစ်ခါ ဟာရာကို အိမ်မှာ သတိလစ်လျှက်တွေ့ခဲ့ရပါတယ်။ နေပြန်ကောင်းလာချိန်မှာ ပရိတ်သတ်ကို စိတ်ပူအောင်လုပ်မိတဲ့ တောင်းပန်တယ်လို့တောင်ရေးထားပါသေးတယ်။ဟာရာဟာ ပြီးခဲ့တဲ့အောက်တိုဘာလက သေဆုံးခဲ့တဲ့သရုပ်ဆောင်ဆောလီရဲ့ သူငယ်ချင်းလဲဖြစ်ပါတယ်။

ဟာရာသေဆုံးမူအတွက် သရုပ်ဆောင်အသိုင်းအဝိုင်းက အရမ်းကို စိတ်မကောင်းဖြစ်နေကြပါတယ်။ရှေ့ရှောက်ဆိုက်ဘာတိုက်ခိုက်မူတွေ မလုပ်ကြဖို့လဲ မေတ္တာရပ်ခံထားပါတယ်။

Related Post

Leave a Reply

Your email address will not be published. Required fields are marked *